ဒုတိယအကြိမ် မြဝတီနယ်စပ်မှ Liquid Oxygen အရည်တန် (၂၀)သယ်ဆောင် လာသည့် မော်တော်ယာဉ် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး သို့ရောက်ရှိ

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်နေသည့် ကိုဗစ်လူနာများအတွက် ဒုတိယ အကြိမ် မြဝတီနယ်စပ်မှ Liquid Oxygen အရည်တန် (၂၀)သယ်ဆောင် လာသည့် မော်တော်ယာဉ်သည် ဇူလိုင်လ (၂၁) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ရောက်ရှိလာပြီဖြစ်သည်ဟု မန္တလေးအထွေထွေ ရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။