တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ (Sinopharm)ကာကွယ်ဆေး အလုံးရေ(၇)သိန်းကျော်နှင့် ဆေးထိုးအပ် (၅) သိန်းကျော် ရန်ကုန်လေဆိပ်သို့ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ (Sinopharm)ကာကွယ်ဆေး အလုံးရေ(၇) သိန်းကျော်နှင့် ဆေးထိုးအပ် (၅) သိန်းကျော် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည်နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းတို့နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်း ထားပါသည်။