မုသားနောက်ကွယ်က ဘဝများအစီအစဉ်

မုသားနောက်ကွယ်ကဘဝများအစီအစဉ်မှ တရုတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရသည့် အမျိုးသမီးတစ်ဦး၏အကြောင်း၊ လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ (၅) ခုကို ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီနှင့် ကော့သောင်းမြို့များမှာ ဖွင့်လှစ်ထားပြီး လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အကြောင်း၊ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေနှင့် မှုခင်းဖော်ထုတ်မှုများကို စနစ်တကျဆောင်ရွက် လျက်ရှိသကဲ့သို့ လူကုန်ကူးမှုအသိပညာပေးလုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိသည့်အကြောင်းကို စုစည်းတင်ပြ ထားပါသည်။