ကျောက်တံတားမြို့နယ်အတွင်းအောက်ဆီဂျင်လိုအပ်နေတဲ့ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် အောက်ဆီဂျင် များအခမဲ့ ဖြန့်ဝေပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်နေတဲ့ ကိုဗစ်-၁၉ ရောဂါလူနာများ အတွက် အောက်ဆီဂျင်များအခမဲ့ ဖြန့်ဝေပေးလျက်ရှိသည်ဟု မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူ ပြုအဖွဲ့မှ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။