ကိုဗစ်အတည်ပြုလူနာများ အသုံးပြုနိုင်ရန် လီတာ၄၀ Oxygen Clyinder အလွတ်ဘူး ၁၂၀၀ နှင့် Liquid Oxygen ၅ တန်လှူဒါန်း

ကိုဗစ်အတည်ပြုလူနာများကုသရာမှာ အသုံးပြုနိုင်ရန် လီတာ၄၀ ဆံ့ Oxygen Clyinder အလွတ်ဘူး ၁၂၀၀ နှင့် Liquid Oxygen ၅ တန် လှူဒါန်းလက်ခံရရှိခဲ့သည်ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်း ထားပါသည်။