YBS ယာဉ်များပေါ်တွင် ကိုဗစ် ကာကွယ်ရေး အသိပညာပေး အသံများဖွင့်ပြီး ဆောင်ရွက်လျက်ရှိ

YBS ယာဉ်များပေါ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအချက်များ ပါဝင်သည့် အသိပညာပေး အသံဖိုင်များ ဖွင့်ပြီး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေး မြန်းထားပါသည်။