သရက်ခရိုင်အတွင်း Quarantine Centre များ ကြိုတင်ပြင်ဆင်ထားရှိ

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသူများအား ဆေးကုသနိုင်ရန် နဲ့ Quarantine Centre ပြုလုပ်မည့် နေရာများအား ကြိုတင်ပြင်ဆင်ထားရှိသည်ဟု ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။