ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ ဆံတော်တိုက်လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများအား polycarbonate ပြုပြင်တပ်ဆင်ခြင်းများ ဆောင်ရွက်

တရုတ်နိုင်ငံ၊ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်ကြီးမှလှူဒါန်းသည့် ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ ဆံတော်တိုက် အဝင်အထွက် လုံခြုံရေးမှန်တံခါးနှင့် ဆံတော်တိုက် ပတ်လည် ရွှေချထားသည့် အတွင်းနံရံများအား polycarbonate တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ(၂၆)ရက်နေ့က ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆာဦးသွင်တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးအောင်ကိုဇော်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။