အသည်းအစားထိုး ခွဲစိတ်ကုသမှု

အထူးကုဆေးရုံကြီး(ရန်ကုန်)မှာ (၁၀)ကြိမ်မြောက်အသည်းအစားထိုးကုသမှုကို  ဇန်နဝါရီလ(၁၉)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီခွဲစိတ်မှုဟာဆိုရင် မြန်မာ-ကိုရီးယား ဆရာဝန်တွေ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ခွဲစိတ်မှုပြုလုပ်တဲ့ ကာလတစ်လျှောက်လုံးမှာ ခွဲစိတ်ကုသမှု ဆရာဝန်တွေ၊ ဆေးပညာရှင်တွေကို Live demonstration ပြသပြီး တစ်ခါတည်း သင်ကြားပြသ ပေးနေတာဖြစ်တဲ့အတွက် ပိုမိုထူးခြားတဲ့ခွဲစိတ်မှုလို့ သိရပါတယ်။ သတင်းအပြည့်အစုံကို သတင်းထောက် သဥ္ဇာဝင်းက တင်ပြထားပါတယ်။