(၈)လတာကာလအတွင်း YBS ယာဉ် မတော်တဆထိခိုက်မှုကြောင့်သေဆုံးသူ (၃၀) ဦးရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်မတော်တဆမှုကြောင့် ၂၀၂၄ ခုနှစ် (၈)လတာ ကာလအတွင်း သေဆုံးသူ (၃၀)ဦးရှိခဲ့ပြီး သေဆုံးမှုအများဆုံးတွင် လမ်းဖြတ်ကူးသူနှင့် စက်ဘီးစီးနင်းသူများ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်း ထားပါသည်။