အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ (၈)ရက်နေ့က ကျင်းပခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ခင်ရူပါထွေးက ဆက်သွယ်မေးမြန်းထားပါသည်။