ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၆)နာရီ နိုင်ငံတကာသတင်း
တရုတ်နှင့် ရုရှားနှစ်နိုင်ငံအကြား အရေးပါသည့် အဆင့်မြင့်ဖလှယ်မှုအဖြစ် ရုရှားသမ္မတဟောင်း ဒီမီထရီ-မက်ဗီဒက်ဗ် တရုတ်နိုင်ငံကိုသွားရောက်မည်ဆိုသည့်သတင်းနှင့် ကမ္ဘောဒီးယားတွင် လူငယ်များအကြား ဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက်လာသည့်အတွက် စာသင်ကျောင်းများအနီးတွင် အားဖြည့်အချိုရည်ရောင်းချမှု တားမြစ်လိုက်သည့်သတင်း စသည့်သတင်းများအပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းများကို ဒေါ်အေးချစ်စုက တင်ပြထားပါသည်။