ဒလမြို့နယ် သက်ကြီးစာရေးဆရာကြီးများအား ကန်တော့ပွဲပြုလုပ်မည်

မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် ဒလမြို့နယ်စာရေးဆရာအသင်းမှကြီးမှူးပြီး ဒလမြို့နယ်စာရေးဆရာအသင်းဝင် သက်ကြီး စာရေးဆရာကြီးများအား မြို့နယ်အသင်းဝင်များမှ စုပေါင်းကန်တော့ပွဲကို ဧပြီ (၁၃) ရက်နေ့၊ မဟာသင်္ကြန် အကြိုနေ့တွင် ကျင်းပသွားမည်နှင့်ပတ်သက်ပြီး ဒလမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမင်းမင်းထိုက်နှင့် မြန်မာ့အသံ သတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။