ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သောက်သုံးရေစနစ်တကျဖြန့်ဝေပေးလျက်ရှိ

ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသောက်သုံးရေဖူလုံစွာရရှိစေရန် တိုးချဲ့ရေပေးဝေရေးစနစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ သောက်သုံးရေ စနစ်တကျဖြန့်ဝေ ပေးလျက်ရှိသည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဉာဏ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။