ချည်မျှင်ရှည်ဝါ တိုးချဲ့ထုတ်လုပ်ရေး(၅)နှစ်စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ချည်မျှင်ရှည်ဝါ တိုးမြှင့်ထုတ်လုပ်ရန် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချည်မျှင် ရှည်ဝါသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ (၅)နှစ်အတွင်း ဧက(၇၀၀,၀၀၀) ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေသည်ဟု နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။