မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းပြီး ပုဂံရှေးဟောင်းဘုရား (၅)ဆူ ပြုပြင်မည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းပြီး ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းလျက်ရှိရာ ဘုရား (၅)ဆူအား ရှေးမူမပြတ် ပြန်လည်ပြုပြင်ရန် ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ကျော်အသုံးပြုသွားမည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမြတ်နိုးကို ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။