မြန်မာ့ရိုးရာလက်ဝှေ့ TGL 6 ပြိုင်ပွဲကြီးကို ၂၀၂၄ ခုနှစ် ပွဲဦးထွက်အဖြစ် ကျင်းပ

၂၀၂၄ ခုနှစ် ပထမဆုံးပွဲဦးထွက် (၆)ကြိမ်မြောက် TGL 6 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ဇန်နဝါရီလ (၂၈) ရက်နေ့က ရန်ကုန်မြို့ Forever Group စတူဒီယိုတွင် ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦး၊ လက်ဝှေ့ကစားသမားများနှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံ မေးမြန်းထားပါသည်။