မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီကာလ ကလေးငယ်များတွင် ဖြစ်ပွားမှုများသည်ကြောင့် မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒေါက်တာ မေဦးခိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာအသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်း ထားပါသည်။