မန်းရွှေစက်တော်ရာဘုရားကြီးတွင် ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရှေးဟောင်းသမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားကြီး၏ ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် မန်းချောင်းတစ်လျှောက် သဲသောင်ပြင်မြေညှိခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ဘုရားကြီးပရိဝုဏ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မန်းရွှေ စက်တော်ရာ ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်း ထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။