နွားချေးပိုးထိုးအင်းဆက်ကောင် မွေးမြူနိုင်ရေး သုတေသနစမ်းသပ်ပြုလုပ်

အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ ပြည့်ဝလုံလောက်စွာ စားသုံးနိုင်ရေးအတွက် ပညာရှင်များက လေ့လာဆန်းစစ်လျက်ရှိရာ ကြက်သား၊ ဝက်သား၊ ငါး စသည့် အသားများတွင် ပါရှိသည့် အသားဓာတ် (ပရိုတင်း)ဓာတ်များနည်းတူ အသားဓာတ် ရရှိနိုင်မည့် နွားချေးပိုးထိုးအင်းဆက်ကောင်၏ ဘဝစက်ဝန်းကို သုတေသန ပြုလုပ်နေသည့် ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမဟာသိပ္ပံ ဒုတိယနှစ် ကျောင်းသူ မအိပြည့်ပြည့်ခင်နှင့် မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။