နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် ကျောင်းအပ်လက်ခံနေပြီဖြစ်

လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် ၂၀၂၄- ၂၀၂၅ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၃)ရက်‌နေ့မှ စတင်လက်ခံလျက်ရှိရာ လက်ရှိတွင် ကျောင်းသားဦးရေ (၂၀) လက်ခံပြီးဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာန၊  နားမကြားသောကလေးများကျောင်း (ရန်ကုန်)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်‌မေး မြန်းထားပါသည်။