ငလျင်အန္တရာယ်ဖြစ်ပေါ်နိုင်မှုအပေါ် ပြည်သူများသတိပြုနေထိုင်ရန် လိုအပ်

ရာသီဥတုတစ်ခုနှင့်တစ်ခု အပြောင်းအလဲကာလမျိုးတွင် ငလျင်လှုပ်ခတ်မှုများရှိနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ငလျင်အန္တရာယ်ကို သတိပြုရန်လိုအပ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။