ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဘုရားဖူးများ အပူဒဏ်သက်သာစေရန်အတွက် ကျောက်ပြားများ ပေါ်လစ်တင်ခြင်းလုပ်ငန်းနှင့် ဇရပ်တန်ဆောင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။