သရက်ကန် ငါးလုပ်ငန်းစခန်းမှ (၂) လက်မအရွယ် ငါးသားပေါက် (၆၂) သိန်း ထုတ်လုပ်ရန်လျာထား

မန္တလေးတိုင်းဒေသကြီးသရက်ကန်ငါးလုပ်ငန်းစခန်းအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၂) လက်မအရွယ် ငါးသား ပေါက် (၆၂) သိန်း ထုတ်လုပ်ရန် လျာထားပြီး ငါးသားပေါက် (၃၁) သိန်းကို မျိုးစိုက်ထည့်သွားမည်ဖြစ်ပြီး ကျန်သည့် (၃၁)သိန်းကို ငါးမွေးတောင်သူများအတွက် ရောင်းချဖြန့်ဖြူးပေးသွားမည်ဟု တိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်း စခန်းတာဝန်ခံ ဉီးထွန်းနောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။