တောင်သာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစားသောက်ကုန် သင်တန်းဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက် ကုန်သင်တန်းကို ဖေဖော်ဝါရီလ ပထမပတ်အတွင်းတွင် (အခမဲ့)ဖွင့်လှစ်ပေးသွားမည်ဟု ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။