မုသားနောက်ကွယ်က ဘဝများအစီအစဉ်

မုသားနောက်ကွယ်က ဘဝများအစီအစဉ်မှ ဒူဘိုင်းမှတစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ အခက်အခဲများစွာကြုံတွေ့ခဲ့ရသည့် ဒလမြို့နယ်က အမျိုးသမီးတစ်ဦးကို မြန်မာသံရုံး၏ စီစဉ် ဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း ပြောကြားချက်၊ ပြည်ပနိုင်ငံများသို့ လုပ်သားများ စေလွှတ်ရန် ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ ရရှိထားသည့်အလုပ်ခေါ်စာများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပုံမှန်အတိုင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိသည့်အကြောင်းနှင့် တစ်ပတ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့် အမှုဖွင့်ရေးယူခဲ့သည့် အမှု(၂)မှု၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲမှူးခင်မာကြည်၏ ရှင်းလင်းတင်ပြချက်တွေကို တင်ပြထားပါသည်။