မုသားနောက်ကွယ်ကဘဝများအစီအစဉ်

မုသားနောက်ကွယ်ကဘဝများအစီအစဉ်မှ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် အလုပ်လုပ်နေစဉ် အိပ်ချိန်မလုံလောက်သည့်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဆက်သွယ်အကူအညီတောင်းခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မသက်သက်လင်း၏ ပြောကြားချက်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဇူလိုင်လ (၂၂)ရက်နေ့မှစပြီး Online Appointment စနစ်နှင့် ပြောင်းလဲဆောင်ရွက်ပေးသွားမည့်အကြောင်းနှင့် အခုတစ်ပတ်အတွင်း လူကုန်ကူးမှု (၁)မှု ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရဲမှူးခင်မာကြည်၏ ပြောကြားချက်များကို တင်ပြထားပါသည်။