ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်

ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်မှ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည့် ပြတ်ရွေ့ကြီးများရှိသလို အိမ်နီးချင်းနိုင်ငံများမှ ပြတ်ရွေ့ကြီးများရွေ့လျားလာသည့်အခါမျိုးတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် သတိပြုရန်လိုအပ်သည့်အကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးလျော့ပါးရေးသင်တန်း (၅) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၁၆) ဦးကို သဘာဝဘေးလျော့ပါးရေး ကြိုတင်ပြင်ဆင်ထားရှိခြင်း ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့သည့်သတင်းနှင့် လတ်တလော မိုးလေဝသတင်းများကို တင်ပြထားပါသည်။