ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်

ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်မှ မြန်မာနိုင်ငံတွင် မီးဖိုမီးနှင့် ပေါ့ဆမီးကြောင့် မီးလောင်မှုအများဆုံးဖြစ်ပြီး အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သည့် ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်လာခဲ့ပါက အရေးပေါ် ဆောင်ရွက်ရမည့် အချက်များအကြောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားသည့်သတင်းနှင့် မတ်လအတွင်း ဖြစ်ပေါ်နိုင်မယ့် မိုးလေဝသသတင်းများကို တင်ပြထားပါသည်။