ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်

ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုမှ နေအိမ် (၃,၀၀၀) ကို ရွေးချယ်ပြီး လေပြင်းဘေးဒဏ်ခံနိုင်စေရန် ငွေကျပ် (၁၃၅) သိန်း ထောက်ပံ့ပေးခဲ့သည့်အကြောင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများနည်းအောင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆိုက်ကလုန်း Shelter များကို တာဝန်ရှိသူများ လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည့်အကြောင်းနှင့် ပူပြင်းခြောက်သွေ့သည့် ရာသီတွင် မီးလောင်မှုဖြစ်စဉ် ပိုမိုများပြားလေ့ရှိခြင်းကို မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် လိုအပ်နေကြောင်းကို စုစည်းတင်ပြထားပါသည်။