Radio News
- , September 30, 2023
- , September 30, 2023
- , September 30, 2023
- , September 30, 2023
- , September 30, 2023
မန္တလေးဈေးကွက်တွင် ပဲနှမ်းအများစုအမြင့်ဈေးဖြင့်အရောင်းအဝယ်အေးနေတာနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်နှင့် မြန်မာ့အသံသတင်း ထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။
- , September 30, 2023
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ကို စက်တင်ဘာ(၂၉)ရက်နေ့က ကျင်းပခဲ့ ခြင်းနှင့်ပတ်သက်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်နှင့် မြန်မာ့အသံ သတင်းထောက် ခင်ရူပါထွေးက ဆက်သွယ်မေးမြန်းထားပါသည်။
- , September 30, 2023
တစ်ပတ်အတွင်းနိုင်ငံတကာသတင်းအစီအစဉ်မှ တရုတ်သမ္မတ ရှီကျင့်ဖျင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အေပတ်) ထိပ်သီးအစည်းအဝေး တက်ရောက်နိုင်ခြေရှိသည်ဆိုသည့်သတင်း၊ ရုရှားသမ္မတ ဗလာ ဒီမီဒီယာ ပူတင်သည် လာမည့်လအတွင်း ကာဂျစ်စတန်နိုင်ငံတွင် ဘီလာရုဇ် သမ္မတအလက်ဇန်းဒါး လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဆိုသည့်သတင်းများ အပါအဝင်အခြားစိတ်ဝင်စားဖွယ်ရာများကို စုစည်းတင်ပြထားပါသည်။
- , September 30, 2023
မျက်မှောက်ရေးရာသတင်းအစီအစဉ်မှ (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလမှဩဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏ အထင်ကရ နေရာများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေများနှင့်ပတ်သက်ပြီး စုစည်းတင်ပြထားပါ သည်။
- , September 30, 2023
ပြည်သူ့အသံအစီအစဉ်မှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကတော့ကျေးရွာအုပ်စု၊ ဆီဇာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ထရန်စဖော်မာနှင့် လျှပ်စစ်မီးတိုင် စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ မီးကြို သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်း ဘယ်တော့လောက် ဆောင်ရွက်ပေးနိုင်မလဲဆိုတာမေးမြန်းထားသည့် ပြည်သူ့အသံကို တင်ပြထားပါသည်။
- , September 30, 2023
ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်ပြီး အနောက်ဉရောပနိုင်ငံများအထိ မြန်မာ့ထုတ်ကုန်များ ဈေးကွက် ချဲ့ထွင်နိုင်ရန်ရည်မှန်းဆောင်ရွက်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး ကျိုင်းလပ်ကုန်သွယ် ရေးစခန်းတာဝန်ခံ ဦးသန်းထွေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၊ ကုန်သည် ကိုပိုင်ပိုင်တို့နှင့် ဆက်သွယ်မေးမြန်း ထားပါသည်။
- , September 30, 2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၁၇) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက် ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ် မြို့နယ်အတွင်းရှိ ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့သည့်သတင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်း ရေရရှိရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိ သူများကွင်းဆင်းစစ်ဆေးခဲ့သည့် သတင်းများအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။
- , September 29, 2023
တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ရန်အတွက် ပြည်တွင်း ဈေးကွက် ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည့်သတင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားကို ကုလသမဂ္ဂ ခရီးသွားလုပ်ငန်း အဖွဲ့နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ပူးတွဲကျင်းပခဲ့သည့်သတင်း စသောသတင်းများ အပါအဝင်နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်အေးချစ်စုက တင်ပြထားပါသည်။
- , September 29, 2023
သီရိလင်္ကာနိုင်ငံသည် စီးပွားရေး အကျပ်အတည်းတွေကိုဖြေရှင်းရာတွင် ချီးကျူးဖွယ် ကောင်းလောက်အောင် အောင်မြင်မှုရရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောကြားခဲ့သည့်သတင်း၊ တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် လာမည့်လတွင် ရေကြောင်း ပူးတွဲစစ်ရေး လေ့ကျင့်မည်ဆိုသည့်သတင်း စသောသတင်းများ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာ သတင်းများကို ဦးကျော်သက်က တင်ပြထားပါသည်။
- , September 29, 2023
တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြိုတွင် ကျင်းပမည့် အာဆီယံ-ပရီတိုးရီးယားရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကား (၂)ကားပါဝင်ပြသသွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ပြန်ကြားရေးမှူးဦးချမ်းသာကြည်စိုး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ခင်ရူပါထွေးက ဆက်သွယ်မေးမြန်းထားပါသည်။