စလင်းမြို့နယ်နှင့်ဆင်ဖြူကျွန်းမြို့နယ်တွင် ပျက်စီး/ပျောက်ဆုံးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ စလင်းနှင့် ဆင်ဖြူကျွန်းမြို့နယ်တို့တွင် မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများပျက်စီး/ပျောက်ဆုံးမှုများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်ဟု စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။