မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ပြီးစီး
မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျေးရွာပေါင်း(၃၃)ရွာကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦကို မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာတွင် တည်ဆောက်ပေးခဲ့သည်နှင့် ပတ်သက်ပြီး မြင်ကွန်းကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေးမှူး ဦးသက်မွန်လှိုင်၊ ဒေသခံပြည်သူများနှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။