မင်းဘူးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် သီးနှံစိုက်ခင်းဧက (၁၂,၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းမှာ မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံ မှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးပြီးသီးနှံဧက(၁၂,၀၀၀)ကျော်ထိခိုက်ပျက်စီးခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးဇော်လင်း၏ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက်နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထား ပါသည်။