မုသားနောက်ကွယ်ကဘဝများအစီအစဉ်

မုသားနောက်ကွယ်ကဘဝများအစီအစဉ်မှ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရခြင်းကြောင့် မြန်မာသံရုံး၏ စီစဉ်ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦး၏ပြောကြားချက်၊ ကိုရီးယားသမ္မတနိုင်ငံတွင် E-9 ဗီဇာနှင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားနိုင်ငံအစိုးရ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက E-7-4 ဗီဇာကျွမ်းကျင်လုပ်သား ဗီဇာပြောင်းရွှေ့လျှောက်ထားနိုင်သည့်အကြောင်းနှင့် အခုတစ်ပတ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် အမှု(၁)မှုနှင့်ပတ်သက်ပြီး ရဲမှူးသွင်သွင်ချို၏ ပြောကြားချက်များကို စုစည်းတင်ပြထားပါသည်။