The Chinland Post

There is no Content.

The Chinland Post သတင်းဌာနသည် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အခြေစိုက်တဲ့ အမှီအခိုကင်းပြီး လွတ်လပ်သော ဒေသန္တရ တိုင်းရင်းသား မီဒီယာတစ်ခုဖြစ်ပါသည်။ The Chinland Post သတင်းဌာနသည် ၂၀၁၀ ခုနှစ် မတ်လ မှစ၍ နှစ်လတစ်ကြိမ် ဂျာနယ် ဆောင်အဖြင့် စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ဇန်နဝါရီလ ၁၁ရက်နေ့မှ စ၍ တစ်ပတ်တစ်ကြိမ်ဖြင့် ပြောင်းလဲ ထုတ်ဝေဖြန့်ချီခဲ့ပါသည်။  ထို့အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ယနေ့ထိ နေ့စဉ်သတင်းစာစောင်ဖြင့်  ဆက်လက်ထုတ်ဝေဖြန့်ချီ လျက်ရှိပါသည်။ 
The Chinland Post သတင်းဌာနသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရာ အသိအမှတ်ပြုလက်မှတ် -အမှတ် (၀၀၉၄၅)သတင်းစာစောင် (ဂျာနယ်) ထုတ်ဝေခြင်းလုပ်ငန်း ရရှိခဲ့ပြီး ချင်းတိုင်းရင်းသားစာပေဖြင့် ထုတ်ဝေသော တိုင်းရင်းသားမီဒီယာ (သို့) ဒေသန္တရ အခြေစိုက်တိုင်းရင်းသား မီဒီယာ ဖြစ်ပါသည်။ 
The Chinland Post သတင်းဌာန၏ ဆောင်ပှဒ်သည် ချင်းပြည်သူများအတွက် သင့်တံခါးပေါက်၊ ၀င်ပေါက် (The Chinland Post motto is “Your Information Gateway to Chinland) ဖြစ်ပါသည်။
The Chinland Post သတင်းဌာန၏ ခံယူထားသည့် တာဝန်သည် ချင်းပြည်နယ်အတွင်း ဖြစ်ပျက်သည့်သတင်းများ၊  ပြည်တွင်း ၊ ပြည်ပတွင် နေထိုင်တဲ့  ချင်းပြည်သူများအကြာင်း၊ ထို့အပြင် ချင်းပြည်သူများသိသင့်သိထိုက်သော ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းများကို တိကျမှန်ကန်ပြီး အချိန်နှင့် တပြေးညီ ထုတ်ဝေသည့် ဒေသန္တရ အခြေစိုက် တိုင်းရင်းသားမီဒီယာ သတင်းဌာနတစ်ခုဖြစ်သည်။