လာမည့် ပညာသင်နှစ်အတွက် တောင်တန်းဒေသ ပညာရေးတွင် တာဝန်ထမ်းဆောင်ရန် ဆရာ၊ ဆရာမ စတင်ခေါ်ယူ

မိုင်းအနိုင်၊ မားနဂါးဖေဖော်ဝါရီ ၁ ရက်၊ လားရှိုး။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ် တောင်တန်းဒေသရှိ ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထကျောင်း၊ ဘကကျောင်းနှင့် ဘော်ဒါဆောင်များတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်နေသည့် ဆရာ၊ ဆရာမများကို တအာင်းပ ညာရေးအင်စတီကျူ့ (TEI)မှ စတင်ခေါ်ယူနေပြီဖြစ်သည်။

အဆိုပါ ဆရာ၊ ဆရာမအဖြစ် လျှောက်ထားလိုသူများသည် ဘွဲ့ရ (သို့) တက္ကသိုလ်ဝင်တန်းဖြေဆိုဖူးသူ၊ မတူကွဲပြား သည့် ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံနိုင်သူ၊ ပရဟိတ စိတ်ဓာတ်ဖြင့် အလုပ်လုပ်နိုင်သူ၊ မူးယစ် ဆေးဝါး သုံးစွဲသူမဖြစ်စေရန်နှင့် အုပ်ထိန်းသူမှ ထောက်ခံပေးသူ ဖြစ်ရမည်ဟူသော အရည်အချင်းများနှင့် ပြည့်စုံရန်လို သည်ဟု သိရသည်။

လျှောက်လွှာပေးပို့လိုသူများသည် လာမည့် ၂ဝ၁၉ ခု ဖေဖော်ဝါရီ ၁၅ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး စီ စစ်ရွေးချယ်ပြီးနောက် အရွေးခံရသည့် ဆရာ၊ ဆရာမများသည် ကျောင်းဖွင့်ချိန်မတိုင်မီ ပို့ချမည့် ဆရာ၊ ဆရာမ စွမ်း ဆောင်ရည်မြှင့် ၄၅ ရက်သာ သင်တန်းကို တက်ရောက်ရမည်ဖြစ်သည်။

TEI သည် ၂၀၁၄ ခု မတ်လတွင် တအာင်းပညာရေးကော်မတီကို မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များမှ ဦးဆောင်၍ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းအမျိုးသမီးအဖွဲ့ (TWO)အဖွဲ့အစည်းတို့ ပူး ပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ တအာင်းပညာရေကော်မတီအဖွဲ့ကို တအာင်းပညာရေးအင်စတီကျူ့(TEI)အဖြစ် ထပ်မံပြောင်းလဲခဲ့သည်။

ပြီးခဲ့သည့်နှစ်များတွင်လည်း ဆရာ/မပေါင်း ၁၆၀ ကျော်ဖြင့် ရှမ်းပြည်နယ်ရှိ တောင်တန်းဒေသ စာသင်ကျောင်း ၉၀ ကျော်တို့တွင် တာဝန်ထမ်းဆောင်စေခဲ့ပြီး တစ်လလျှင် မုန့်ဖိုးငွေ ၈ သောင်းကျပ် ထောက်ပံ့ပေးထားကြောင်း သိရ သည်။

အဖွဲ့အစည်း၏ ဦးတည်ချက်မှာ တအာင်းကလေးတိုင်း အနိမ့်ဆုံး အခြေခံပညာမူလတန်း ကျောင်းတက်ရောက်နိုင်ရန်၊ တအာင်းကျေးရွာတိုင်းတွင် ပညာတတ်မြောက်မှုနှုန်းမြင့်မားလာပြီး လူမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အနာဂတ်တွင် စည်းစနစ်ကျပြီး အာမခံချက်ရှိသည့် မူပေါ်လစီ ချမှတ်ကျင့်သုံးလာနိုင်စေရန်၊ တအာင်းလူငယ်ခေါင်း ဆောင်များ ပေါ်ထွန်းစေရန်နှင့် အရည်အချင်းပြည့်ဝသည့် တအာင်းခေါင်းဆောင်များ ပေါ်ထွန်းလာစေရန်ဖြစ်သည်။

ဆရာ/မ လုပ်လိုသူများသည် ဖုန်းနံပါတ် လိုည်းပ္လါင်ခြိူဝ်း (09-5062867)၊ လိုည်းပို;ကီ(09-265133720)၊ လိုည်းအီ အင်(09-448092087)တို့ကို ဆက်သွယ်မေးမြန်းနိုင်ပြီး ရပ်ကွက်(၁)၊ မိုင်းမော်လမ်း၊ လားရှိုးမြို့ရှိ TEI ရုံးတွင်လည်း လာရောက်ဆက်သွယ်နိုင်သည်။

ဓာတ်ပုံ- မိုင်းအနိုင်၊ မားနဂါး