နမ်​့ဆန်​တွင်​ ပထမဆုံးအကြိမ်​ ​လူငယ်​နှင့်အနာဂတ်​အခွင်​့အလမ်​း ​ဟော​ပြောပွဲကျင်​းပပြုလုပ်​

မိုင်းအနိုင်၊ မားနဂါး၊ ​ဖေဖော်ဝါရီ ၁၀ ရက်၊ နမ့်ဆန်။

ဖေဖော်ဝါရီလ ၁၀ ရက်မနက်ပိုင်းတွင် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့နယ်ခန်းမတွင် ပထမဆုံး အကြိမ်အဖြစ် လူငယ်နှင့်အနာဂတ်အခွင့်အလမ်းဟူသော ခေါင်းစဉ်ဖြင်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်

ဟောပြောပွဲကို နမ့်ဆန်မြို့တွင်းရှိ လူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင်ကျေးရွာ လူထု စုစုပေါင်း လူဦးရေ ၂၅၀ကျော် ပါဝင်တက်​​ရောက်ခဲ့ကြသည်

အဆိုပါ ဟောပြောပွဲတွင် နမ့်ဆန်မြို့ ပြည်သူ့လွှတ်​​တော်ကိုယ်စားလှယ် မိုင်းဝင်းထူး၊ NELC ကျောင်းတည်​​ထောင်သူ ဦးထွန်းမြိုင်၊ ရှမ်းနဂါးလက်ဖက်ခြာက်မှ ဦးဘဟန်တို့မှ ဦးစီးဦးဆောင်ပြီး ဟောပြောခဲ့ခြင်းဖြစ်သည်

မိုင်းဝင်းထူးသည် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေးအကြောင်း နိုင်ငံရေးရေး စိတ်ပါဝင်စားသူများအနေဖြင်မွေးမြူရမည့် စိတ်ဓာတ်များကို ဆွေးနွေးဟောပြောခဲ့ပြီး ဦးထွန်းမြိုင်သည် ပညာရေးကဏ္ဍတွင် လူငယ်များအ တွက် အကြံပြုချက်များ၊ အောင်မြင်မှုရရှိရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ဆွေးနွေးဟောပြောခဲ့ သည်

ဦးဘဟန်သည်လည်​​အောင်မြင်မှုမရရှိခင် သူ့ဘဝဖြတ်သန်းခဲ့ရပုံများနှင့် လူငယ်များအတွက် အတုယူသင့်၊ လုပ်သင့် သည့် ကိစ္စရပ်များကို ဆွေးနွေးပေးခဲ့သည်

ထို့နောက် လူငယ်များနှင်ကျောင်းသူ၊ကျောင်းသားများ မိမိသိလိုသည့် အကြောင်းအရာအလိုက် ဟောပြောသူများနှင့် အမေးအဖြေ ပြုလုပ်ခဲ့ကြသည်

အဆိုပါ ဟောပြောပွဲအခမ်းအနားကို နမ့်ဆန်မြို့နယ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထပ်မံပြုလုပ်ရန်အ တွက် လျာထားကြောင်းကိုလည်း ပွဲစီစဉ်သူများထံမှ သိရသည်။

ဓာတ်ပုံ- မိုင်းအနိုင်၊ မားနဂါး