လွယ်ပက်ရွာက ​​ထွန်​းကား​နေဆဲ "ကဒ်​ုမ်​" လွယ်​အိတ်​ပြုလုပ်​နည်​း

မိုင်းအနိုင်၊ မားနဂါး။

များပြားပြီး မတူကွဲပြားတဲ့ တအာင်မျိုးနွယ်၊ ဓလေ့တွေထဲမှာ "ကဒ်ုမ်" ဆိုတဲ့ ရိုးရာလွယ်အိတ်အဖြစ် အသုံးပြုခြင်းကတော့ အားလုံးအတူတူဖြစ်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်

ဒါပေမဲ့ ခုခေတ် "ကဒု်မ်" လွယ်အိတ် ရက်လုပ်တာတွေ အင်မတန်ကို ရှားသွားပါပြီ။ သူ့အပင်​​ကိုတောင် စိုက်သူတွေ မရှိသလောက်ဖြစ်သွားပါပြီ။

ဒီတန့်ယန်းမြို့နယ်က ​​​လွယ်ပက်​​ကျေးရွာမှာတော့ ကဒု်မ်ကို ရက်ကန်းရက်နေကြတုန်း၊ စိုက်ပျိုးနေကြတုန်း၊ ထွန်းကား တုန်းရှိနေသေးတာကို တွေ့ရပါတယ်

ကဒု်မ်ဆိုတဲ့ အပင်က ထွက်တဲ့အရွက်ကို အများအားဖြင်တော့ ဆေးခြောက်ရွက်လို့ သိကြပေမယ့် တအာင်းမှာတော့ အဓိကအပင်ကိုသာ ယူပြီး ရိုးရာလွယ်အိတ်ကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ကဒ်ုမ်ပင်ဟာ ဒီရာသီမှာ မရှိတော့တာမို့ အပင်ကြောင်းနဲ့ ကဒ်ုမ်လွယ်အိတ်ပြုလုပ်နည်းအကြောင်းကို နောက်ပိုင်း ဆက်လက်ဖော်ပြပေးပါ့မယ်။

ကဒ်ုမ်အပင်ဟာ တောင်​​ပေါ်တအာင်းကျးရွာမှာ အင်မတန်ရှားပါးပြီဖြစ်​​​ပေမယ့် ကဒ်ုမ်လွယ်အိတ်ကတော့ အိမ်တိုင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ ရှိတာမှ အလုံးရေ အများကြီးကို ရှိကြပါတယ်

ကြောင်းကတော့ ပွဲလမ်းသဘင် အခမ်းအနားတိုင်းမှာ ကဒု်မ် လွယ်အိတ်ဟာ မရှိမဖြစ်အရာတစ်ခုအဖြစ် တည်ရှိနေ လို့ပဲ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ရင်လည်း ကဒု်မ်လွယ်အိတ်ထဲ လက်ဖက်ထည့်ပြီး အမျိုးသမီးကို သွားတောင်းရတဲ့ ဓလေ့ရှိပါတယ်

မင်္ဂလာဆောင်ဖိတ်ရင်လည်း ကဒု်မ် လွယ်အိတ်ထဲ လက်ဖက်ထုပ်ထည့်ပြီး အိမ်​​တွေကို လိုက်ဖိတ်ရသလို သာရေးနာ ရေးနဲ့ အခြားအခမ်းအနားမှာလည်း ကဒု်မ် လွယ်အိတ်ကို အသုံးပြုပြီး လိုက်ဖိတ်ရပါတယ်

ပွဲလမ်းသဘင်ရှိလို့ ဆေးလိပ်​​ဝေတာပဲဖြစ်ဖြစ် အလှူပစ္စည်းထည့်တာပဲဖြစ်ဖြစ် ကဒု်မ်လွယ်အိတ်ကိုသာ အသုံးပြုကြပါ တယ်

နာရေးအခမ်းအနား လုပ်ရင်လည်း ကဒု်မ် လွယ်အိတ်ဟာ အရေးပါတဲ့အရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ အလောင်း သယ်သွားရင် ထမ်းစင်မှာ ကဒု်မ် လွယ်အိတ် ၄ လုံး ၆ လုံး စသဖြင့် ထည့်ကြပါတယ်။ အဲဒါကို အလောင်း ထမ်းသူတွေက ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသတစ်ခုနဲ့တစ်ခုတော့ မတူကြပါဘူး။

လောင်ခေါ်သွားတဲ့နေရာမှာလည်း ရှေ့ဆုံးဘုန်းကြီးက ကဒု်မ် လွယ်အိတ်ကို အလောင်ခေါင်းမှာ ကြိုးချည်ပြီး ယူ သွားရပါတယ်

တအာင်းတို့အတွက် မရှိမဖြစ်တဲ့ ကဒု်မ် လွယ်အိတ်နေရာမှာ အခုချိန်မှာတော့ အခြားအရောင်မျိုးစုံ လွယ်အိတ်တွေက အစားထိုးလာကြတာကို တွေ့ရပါတယ်

ကြောင်းအရင်းက ကဒု်မ် လွယ်အိတ် လုပ်ရတဲ့အဆင်တွေဟာ များပြားလွန်းပြီး လုပ်ရခက်ခဲတာကြောင့် အလွယ်လုပ်လို့ရတဲ့ အခြားလွယ်အိတ်ကို ပိုမိုအသုံးပြုလာကြပါတယ်

ဓာတ်ပုံ- မိုင်းအနိုင်၊ မားနဂါး