ဘုရင့်နောင်ကုန်စည်ဒိုင်၌ ကြက်သွန်နီဈေးနှုန်း တစ်ပိဿာလျှင် ကျပ်တစ်ထောင်နီးပါး ကျဆင်းမှုရှိနေ
ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ယခုရက်ပိုင်းအတွင်း ကြက်သွန်နီကုန်တင်ကားများ တစ်ပတ်လျှင် တစ်ကြိမ် ဝင်ရောက်မှုရှိနေပြီး ဝယ်လိုအား လျော့နည်းနေသဖြင့် ကြက်သွန်နီဈေးနှုန်းများ အကျဘက်သို့ ရောက်ရှိနေ၍ တစ်ပိဿာလျှင် ကျပ်တစ်ထောင် နီးပါးအထိ ဈေးနှုန်းကျဆင်းမှု ရှိနေသည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ကြက်သွန်နီပွဲရုံ ပိုင်ရှင် ဒေါ်ခင်ခင်စန်း၏ ပြောကြားချက် အရသိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။