မကွေးတိုင်းဒေသကြီးအတွင်း မီနီအိုးဝေနှင့် သုံးဘီးယာဉ်အသင်းဖွဲ့စည်းထားရှိ
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရန်ရည်ရွယ်ပြီး မီနီအိုးဝေနှင့် သုံးဘီးယာဉ် အသင်းအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု တိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော် ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေး မြန်းထားပါသည်။