နိုင်ငံတစ်ဝန်း သဘာဝထိန်းသိမ်းရေးနယ်မြေ(၅၉)ခု တည်ထောင်ထားပြီးဖြစ်

သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တစ်နိုင်ငံလုံးတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉)ခုတည်ထောင်ထားပြီး ဖြစ်သည်ဟု သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ၊ ဦးစီးအရာရှိ ဦးငြိမ်းအောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်း ထားပါသည်။