ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ အချိန်အနည်းငယ် ပြောင်းလဲပြေးဆွဲ
ရန်ကုန်-မန္တလေးရထားခရီးစဉ်အချိန်များအား ဒီဇင်ဘာ (၁)ရက်နေ့မှစပြီး ပြောင်းလဲပြေးဆွဲပေးလျက်ရှိရာတွင် လက်ရှိတွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်ခြင်းများ ရှိနေသည့်အတွက် အချိန်ကြန့်ကြာမှု မရှိအောင် မူလထွက်ခွာချိန်ထက် (၁၅)မိနစ်ခွာပြီး ပြောင်းလဲပြေးဆွဲပေးလျက်ရှိသည်ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်း ထားပါသည်။